Saturday 8 May 2010

သိပြီးပြီလား

သိပြီးပြီလား ...
ဟ၀ှာဖြစ်တယ်လို့ နာမည်ကြီးနေတဲ့ ဟိုသင်းလေ အခု အ၀ှာပြုပြီး ဟိုဒင်းဖြစ်သွားပြီ။
(ဘာကိုဆိုလိုတယ်ဆိုတာ သိသလား။ မသိလဲ အရေးမကြီးပါဘူး။ ပြောချင်တာ ပြောလိုက်ရဖို့ အဓိက။)

သိပြီးပြီလား ...
ကြာသာပတေးနံနဲ့ စပြီး တနင်္လာနံနဲ့ ဆုံးတဲ့ မမမီ (ဒီယာ) လေ။
သူ့ပို့စ်ထဲမှာ ကော်မက်တွေကို ကြိုဆိုပါတယ်တဲ့ ဆိုပြီးတော့ ကော်မက်တွေ ပိတ်ထားပြီ။
(ဘာအခုမှ ကြောက်ပါပြီလဲ ... ဘာအခုမှ ကြောက်ပါပြီလဲ)

သိပြီးပြီလား ...
သူ့နာမည်ကို ဖတ်ရင် ကြီးနိုင်ငယ်ညှင်း ဆိုတာ သတိရနိုင်တဲ့ ဘလောက်ဂါ မမ လေ။
နေရာတကာ ပါလေရာ ဆရာလဲ သိပ်လုပ်တတ်တယ်။ သူများစာတွေ ကော်ပီကူးပီး ကော်ပီပေ့စ်လဲ လုပ်တတ်တယ်။ ခုလဲ ခန္တီးတို့ တမူးတို့ ကလေးဝတို့ ဆုံးမစကားတွေ တင်ထားလေရဲ့။
(ဘာအခုမှ သည်းခံပါလဲ ... ဘာအခုမှ သည်းခံပါလဲ)

သိပြီးပြီလား ...
ဘလောက်ဂါအများစုက
သူများဘလော့ ရောက်သွားရင်
လာလည်ပါတယ် ..
စာလာဖတ်ပါတယ် ..
အရမ်းကောင်းတာပဲနော် ..
တော်လိုက်တာ ရေးတတ်လိုက်တာ ..
ဟိဟိ ဟားဟား ဟဲဟဲ
အဲဒီလိုကလွဲပြီး တခြား မဝေဖန်ရဲကြဘူး တဲ့။
ဝေဖန်ချင်ရင်တော့ နာမည်အတုနဲ့တို့ အမည်မသိနဲ့တို့ ဆဲကြတာ
မြန်မာပြည်က ဘလောက်ဂါတွေပေါ့။
(ဟဲ့ .. ဒီလောက်တောင် အ-ရလားအဲဒါ ဘလော့ ယဉ်ကျေးမှု ... ) "တိန်"

Friday 7 May 2010

အားယားနေလို့ပါ

မသောင်းနဲ့ ကိုဖြ တခဏ
==============
ဖြ။ မသောင်းရေ -- အေ -- မသောင်း --- ဟဲ့ မသောင်း ဒီမသောင်းတယောက် ဘယ်ရောက်နေပါလိမ့်။ ခေါ်မကြားအော်မကြား။

သောင်း။ တော် --- ဘာတုန်း ကိုဖြရဲ့။ ဒါလောက်တောင် တကြော်ကြော် အော်နေတာ။ ကျုပ် နောက်ဖေးမှာ ထမင်းအိုး ငှဲ့ရင်းတန်းလန်းမို့ တော်ရေ။

ဖြ။ မင့် ထမင်းအိုး ခဏထားဦး။ ဒီမယ် အမြန်လာကြည့်စမ်းပါဟ ---။

သောင်း။ ရှင့်မလဲ အရေးကြီးနေလိုက်တာ။ တနေ့တနေ့ ဒီလက်တော့ ခြေတော့လေးနဲ့ပဲ အချိန်ကုန်နေတာပဲ။ အရေမရ အဖတ်မရ။ ကိုင်း ပြောပြော ဘာများတုန်း။

ဖြ။ ဒီမယ် ကြည့်စမ်း။

သောင်း။ "သောင်းသောင်းဖြဖြ"

ဖြ။ အေး -- ဘယ့်နှယ့်လဲ။

သောင်း။ ဘာအရူးထတာတုန်း ရှင်က။

ဖြ။ ဘာမှ အရူးမထဘူး။ ဘလော့လုပ်တာလေ။

သောင်း။ ဘလော့လုပ်တာက ဟုတ်ပါပြီ။ ဘာတုန်း သောင်းသောင်းဖြဖြက။

ဖြ။ မင့်နာမည်နဲ့ ငါ့နာမည် ၂ ခုပေါင်းပြီး ဘလော့လုပ်တာလေ။ မကြားဖူးဘူးလား။ သူများတကာတွေ အဲဒီလိုပဲ ပူးပေါင်း လုပ်ကြတာ။ ပြီးတော့ ခုတလော သောင်းသောင်းဖြဖြ စကားလုံးက ခေတ်စားနေတော့ ခေတ်နဲ့ အညီ ---

သောင်း။ ဟမလေး --- ဟုတ်ပါပြီ ကိုဖြရယ်။ ရှင်ကလဲ ဒါများ အရေးတကြီးလုပ်လို့ ခေါ်ပြနေသေးတယ်။ ကျုပ်ထမင်းအိုး တူးတော့မှာပဲ။ သွားနှပ်လိုက်ဦးမှ။ ကျုပ်က ရှင့်လို အားယားနေတာ မဟုတ်ဘူး။ အိမ်မှုကိစ္စဗာဟီရက လုပ်ရသေးတာ။ ရှင်သာ အားအားယားယား တနေကုန် တနေကမ်း အင်တာနက်ထဲ ၀င်နေပြီး ဘလော့တကာလိုက်ဖတ် နာမည်ဝှက်နဲ့ ဆဲလိုက် ဒေါသဖြစ်လိုက် ဖြစ်နေတာ။

ဖြ။ ဘာဖြစ်တုန်း အဲဒီတော့။ ငါအားနေလို့ ငါလုပ်တာပဲ။ ငါ့ထက်အားတဲ့ သူတွေ တပုံကြီး။ ငါက နည်းနည်းပါပါး ---

သောင်း။ ဟုတ်ပါတယ် ရှင့်ဟာရှင် လုပ်ချင်တာလုပ် ကျုပ်က ဘာမှ မဖြစ်ဘူး။ ကျုပ်ထမင်းအိုးပဲ အရေးကြီးတယ်။

ဖြ။ မသောင်း မသောင်း တယ်ခက်တာပဲ။ မိန်းမတွေများ ဦးနှောက်မရှိကြဘူး။ ပါးစပ်ပဲရှိတယ်။ သူတို့ ထမင်းစားဖို့ပဲ အရေးသိပ်ကြီးနေတာ။ အင်း --- ဘာပဲဖြစ်ဖြစ် အားယားနေတုန်းလေး အင်တာနက်ထဲ ဘလော့တွေလိုက်ဖတ်မယ်။ သူများနည်းတူ ငြင်းမယ် ခုန်မယ်။ ဆွမ်းကြီးလောင်းမယ်။ ဘလော့တခုထောင်ပြီး ကလောင်စွမ်းပြမယ် ... ဘာရမလဲ ငါကွ ဖြဖြ တဲ့ ---- ။
+++++++++++++++++++++++++++++++++++++++++
ဤတွင် ပြီး၏။

မင်္ဂလာပါ

အားလုံး မင်္ဂလာပါ ...
သောင်းသောင်းဖြဖြတွေ ဘလော့မှာ ခေတ်စားနေလို့
မသောင်းသောင်းနဲ့ ကိုဖြဖြ နှစ်ယောက်ပေါင်းပြီး
သောင်းသောင်းဖြဖြ ဘလော့လေးတခု ဖန်တီးကာ
ဖွင့်လှစ်လိုက်ပါတယ်။
သောင်းသောင်းဖြဖြ ကြိုဆိုကြပါနော်။
ပုံ
သောင်းသောင်း
နှင့်
ဖြဖြ