Saturday 8 May 2010

သိပြီးပြီလား

သိပြီးပြီလား ...
ဟ၀ှာဖြစ်တယ်လို့ နာမည်ကြီးနေတဲ့ ဟိုသင်းလေ အခု အ၀ှာပြုပြီး ဟိုဒင်းဖြစ်သွားပြီ။
(ဘာကိုဆိုလိုတယ်ဆိုတာ သိသလား။ မသိလဲ အရေးမကြီးပါဘူး။ ပြောချင်တာ ပြောလိုက်ရဖို့ အဓိက။)

သိပြီးပြီလား ...
ကြာသာပတေးနံနဲ့ စပြီး တနင်္လာနံနဲ့ ဆုံးတဲ့ မမမီ (ဒီယာ) လေ။
သူ့ပို့စ်ထဲမှာ ကော်မက်တွေကို ကြိုဆိုပါတယ်တဲ့ ဆိုပြီးတော့ ကော်မက်တွေ ပိတ်ထားပြီ။
(ဘာအခုမှ ကြောက်ပါပြီလဲ ... ဘာအခုမှ ကြောက်ပါပြီလဲ)

သိပြီးပြီလား ...
သူ့နာမည်ကို ဖတ်ရင် ကြီးနိုင်ငယ်ညှင်း ဆိုတာ သတိရနိုင်တဲ့ ဘလောက်ဂါ မမ လေ။
နေရာတကာ ပါလေရာ ဆရာလဲ သိပ်လုပ်တတ်တယ်။ သူများစာတွေ ကော်ပီကူးပီး ကော်ပီပေ့စ်လဲ လုပ်တတ်တယ်။ ခုလဲ ခန္တီးတို့ တမူးတို့ ကလေးဝတို့ ဆုံးမစကားတွေ တင်ထားလေရဲ့။
(ဘာအခုမှ သည်းခံပါလဲ ... ဘာအခုမှ သည်းခံပါလဲ)

သိပြီးပြီလား ...
ဘလောက်ဂါအများစုက
သူများဘလော့ ရောက်သွားရင်
လာလည်ပါတယ် ..
စာလာဖတ်ပါတယ် ..
အရမ်းကောင်းတာပဲနော် ..
တော်လိုက်တာ ရေးတတ်လိုက်တာ ..
ဟိဟိ ဟားဟား ဟဲဟဲ
အဲဒီလိုကလွဲပြီး တခြား မဝေဖန်ရဲကြဘူး တဲ့။
ဝေဖန်ချင်ရင်တော့ နာမည်အတုနဲ့တို့ အမည်မသိနဲ့တို့ ဆဲကြတာ
မြန်မာပြည်က ဘလောက်ဂါတွေပေါ့။
(ဟဲ့ .. ဒီလောက်တောင် အ-ရလားအဲဒါ ဘလော့ ယဉ်ကျေးမှု ... ) "တိန်"

No comments: